About Us

            “တော်ဝင်စိန်တိုက်” ကို ၁၉၉၇ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စိန်ရွှေရတနာ ရောင်းဝယ်ရေးကို မျိုးရိုးစဉ်ဆက် ဆက်လက်လုပ်ကိုင်လျက်ရှိသောလုပ်ငန်း ဖြစ်ပါသည်။၁၉၂၀ခုနှစ်၌ အထက်မြန်မာပြည်တွင် စိန်ရွှေရတနာ လုပ်ငန်းကို အကြီးမားဆုံးလုပ်ကိုင်သူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် အဘိုးဖြစ်သူ စိန်ကုန်သည် ဦးဘသြသည် စိန်ရွှေရတနာ ရောင်းဝယ်ရေးကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့သည်။ဦးဘသြ၏ သ္မီးဖြစ်သူ ဒေါ်ဝင်းမေ လက်ထက် ၁၉၄၀ခုနှစ်၌ မန္တလေးမြို့၏ အထင်ကရ နေရာဖြစ်သော ရွှေဆိုင်တန်းတွင် “ဒေါ်ဝင်းမေ”နာမည်ဖြင့် စိန်ေ၇ွှရတနာဆိုင်ကြီးကိုဖွင့်လှစ်၍  ပိုမိုကျယ်ပြန့်စွာလုပ်ကိုင်ခဲ့ပါသည်။ဒေါ်ဝင်းမေ၏လက်ထက်တွင် ပိုမိုလူသိများလာပြီး  ဈေးချိုေ၇ွှဆိုင်တန်းတွင်သ္မီးဖြစ်သူက“ဒေါ်မြစန္ဒာဝင်း”နာမည်ဖြင့် ရွှေဆိုင်ဖွင့်လှစ်ပြီး သားဖြစ်သူ“ကိုကျော်စွာဝင်း”သည် “တော်ဝင်စိန်တိုက်”နာမည်ဖြင့် စိန်တိုက်ကြီးအား ၁၉၉၇ခုနှစ်တွင် မန္တလေးမြို့၏ အချက်အချာ မြို့လယ်ခေါင် ၂၆လမ်းမကြီးပေါ်တွင် ခမ်းနားစွာ ဖွင့်လှစ်ခဲ့ပါသည်။

         တော်ဝင်စိန်တိုက်သည် ဖွင့်လှစ်ခဲ့သော သက်တမ်းတစ်လျှောက်တွင် ယုံကြည်စိတ်ချစွာ အာမခံချက်အပြည့်အ၀ပေးနိုင်ခြင်း၊ ကောင်းမွန်သော စိန်အရည်အသွေးရှိခြင်း၊ဈေးနူန်းမှန်ကန်ခြင်း၊ဈေးဝယ်များကို နွေးထွေးပျူဌာစွာ ဆက်ဆံပေးခြင်းတို့ကြောင့် ပိုမိုလူသိများလာကာ ဈေးဝယ်များ၏ အားပေးနှစ်သက်မှုကို အခိုင်အမာရရှိထားပြီး ယနေ့တိုင် အောင်မြင်စွာ ရပ်တည်နေသော “တော်ဝင်စိန်တိုက်”ဖြစ်လာခဲ့သည်။

       တော်ဝင်စိန်တိုက်သည် “ဈေးနှုန်းတိကျခြင်း၊စိန်ပစ္စည်းရတီချိန်မှန်ကန်ခြင်း၊လဲလှယ်ပြန်ရောင်းမှုတို့ကို အစဉ်အမြဲ တစ်သက်တာအထူးအာမခံချက် ပေးနိုင်သည့် စိန်နှင့်ပတ်သက်လျှင် စိတ်အချရဆုံး စိန်ရတနာဆိုင် ဖြစ်စေရမည်”ဆိုသော ခံယူချက်ဖြင့် ရပ်တည်နေသော စိန်တိုက်ကြီး တစ်ခုဖြစ်ပါသည်။